"Yangon" မှ သတင်းများ

လက်ကျန် နိုင်ငံရေး အကျဉ်းသား ၁၂၂ ဦး ရှိ

1 year364 days ago,

မြန်မာနိုင်ငံ အနှံ့အပြားက အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၁၂၂ ယောက်ကျန်ရှိနေသေးကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီဝင်တွေက ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ဦးဆောင်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဟာ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင်...

ရန်ကုန်မြို့မှာလမ်းလျှောက် ဆန္ဒပြသူတချို့အဖမ်းခံရ

2 years2 days ago,

ရန်ကုန်မြို့ မြေနီကုန်းကနေ မြို့တော်ခန်းမထိ စီတန်းလှည့်လည်ဆန္ဒပြကြတဲ့သူတွေထဲက အနည်းဆုံး (၆) ယောက်လောက်ကို ဒီကနေ့ ညနေ ၄နာရီလောက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေဟာ ပုဒ်မ ၁၈ ( တရားမ၀င် စီတန်းလှည့်လည်ခွင့်) ဖျက်သိမ်းပေးဖို့အတွက် ခုလိုဆန္ဒ ပြကြတာဖြစ်တယ်လို့ ပြောပါတယ်။ အခုလို အဖမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး Generation Youth အဖွဲ့က ကိုကျော်နေ၀င်းက ခုလိုပြောပါတယ်။ "ကျွန်တော်တို့လက်ရှိကတော့ ကျောက်တံတားရဲစခန်းက လေးနာရီဆယ်မိနစ်က ခေါ်ထားတာပဲရှိတယ်။တင်ထွဋ်ပိုင်ပါတယ်၊လှိုင်မင်းဦးပါတယ်။စည်...

ဒီမိုကရေစီ ပညာရေးအကြောင်း ဆွေးနွေးပွဲ ရန်ကုန်မှာ ကျင်းပ

2 years90 days ago,

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ မောက္ခပညာရေးမဂ္ဂဇင်းတို့ပူးပေါင်းပြီး ဒီမိုကရေစီပညာရေးဆိုတဲ့ ဆွေးနွေးပွဲကို မနေ့ကစပြီး ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို မေလ ၃၁ ရက်နေ့နဲ့ ဇွန်လ ၁ ရက်နေ့တို့မှာ ၂ ရက်ကြာပြုလုပ်မှာဖြစ် ပြီး၊ ခေတ်နောက်ကျနေတဲ့ ပညာရေးစနစ်ကို  ဘယ်လိုပြုပြင်ရမလဲဆိုတာ ဆွေးနွေးကြတယ်လို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ  ကိုလင်းထက်နိုင်က RFA ကိုပြောပါတယ်။ "ဒီမိုကရေစီ ပညာရေးဆိုတာကို အဓိကထားပြီးတော့ အဲဒီမှာ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ၊ပညာရေးနဲ့ ပက်သက်...

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေး နှိုးဆော်သူများ အစည်းအဝေးကျင်းပ

2 years98 days ago,

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ- သမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးအတွက် တိုက်တွန်းနှိုးဆော်သူတွေရဲ့ အစည်းအဝေးကို ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် စိတ်တိုင်းကျ စားသောက်ဆိုင်မှာ မနေ့ကကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးကနေ သဘောထားနဲ့ လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် အစည်းအဝေးတက်ရောက်ခဲ့သူ ကိုဗသက်အောင်က ပြောပါတယ်။ "နံပါတ် ၁ က ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက် အအုံ ပြန်လည်တည်ဆောက်ရေးအတွက် စည်းရုံးနှိုးဆော်...

နှစ် ၅၀ အတွင်း ပထမဆုံး အလုပ်သမားညီလာခံ ရန်ကုန်မှာ ကျင်းပ

2 years122 days ago,

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ညီလာခံကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)၊ Friedricf Ebert Stiftunge၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဒီညီလာခံကို ၂ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ ကျန်းမာရေးကိစ္စတွေ၊ ILOရဲ့ လုပ်ငန်းစဉ်တွေကို သိရှိအောင် အခုလိုညီလာခံ ကျင်း...

လက်ပံတောင်းအရေး ကူညီသူတွေ ပြန်လွှတ်ပေးဖို့ ရန်ကုန်မှာ ဆန္ဒပြ

2 years122 days ago,

ဖမ်းဆီးခံထားရတဲ့ လက်ပံတောင်းတောင်အရေး ကူညီဆောင်ရွက်ပေးသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဖမ်းဝရမ်းထုတ်ခံထားသူတွေကို ပယ်ဖျက်ပေးဖို့ အခွင့်အရေးလှုပ်ရှားသူတချို့ ရန်ကုန်မြို့လယ်မှာ ဒီကနေ့စုဝေးပြီး လက်ပံတောင်းတောင် သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာ ၅ လပြည့် အထိမ်းအမှတ်အနေနဲ့ မြို့တော်ခန်းမရှေ့မှာ တစ်နာရီကြာ ဆန္ဒပြခဲ့ကြပါတယ်။ ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့အစိုးရအဖြစ် အသိအမှတ်ပြုစေလိုတယ်ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ လက်ပံတောင်းတောင်အရေး ဆောင်ရွက...

ဓမ္မရောင်ခြည်မှ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်မည်

2 years156 days ago,

အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်တွင် ဗုဒ္ဓဘာသာ လူငယ်ယဉ်ကျေးမှု (နည်းပြ) သင်တန်းကို ဧပြီ ၈ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဓမ္မရောင်ခြည်ဓမ္မဒါနလုပ်ငန်းမှ သိရသည်။ ...

နံပါတ်တူ ကား နှစ်စီးကိစ္စ ပြန်လည်ဖြေရှင်း

2 years170 days ago,

နံပါတ်ထပ်နေသည့် အငှားယာဉ် နှစ်စီး ကိစ္စကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ပြန်လည်ရှင်းလင်းထားသည်ကို တွေ့ရသည်။ ...

ယုဇနပလာဇာ ပိတ်ရက်နှင့်ပတ်သက်၍သဘောထားကွဲလွဲ

2 years183 days ago,

ယုဇနပလာဇာအား အပတ်စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ရန်အတွက် ပလာဇာပိုင်ရှင် ဖြစ်သူက ပြင်ဆင်သတ်မှတ်ခဲ့သော်လည်း မြေညီထပ်ရှိ ဆိုင်ခန်းရှင်အများစုက သဘောမတူကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က လူစုလူဝေးဖြင့် ထုတ်ဖော် ပြောကြသည်။ ...

အလုပ်သမားဆေးရုံကို အဆင့်မြှင့်တင်ရန်စီစဉ်

2 years190 days ago,

ရန်ကုန် အလုပ်သမားဆေးရုံကြီးကို အဆင့်မြှင့်တင်ရန် စီစဉ်နေပြီး ပြည်တွင်း ပြည်ပမှ အကူအညီများ ဖိတ်ခေါ်သွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။ ...

ဟံသာဝတီဝင်း ယာဉ်များသာ ရွှေ့ရန်လိုအပ်

2 years190 days ago,

ဟံသာဝတီ မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းအား ဖေဖော်ဝါရီ ၂၀ရက် နေ့အပြီး ယခင်သီရိမင်္ဂလာဈေး အဟောင်းသို့ ပြောင်းရွှေ့ရန် ရန်ကုန်မြို့တော်စည်ပင်မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စာထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လူအင်အား ၅၀၀ ကျော်မှ အဆိုပါ ကားဝင်းမပြောင်း ရွှေ့ရေးကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ...

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို Green Park အဖြစ် ပြောင်းလဲရန် အစီအစဉ်ရှိဟုဆို

2 years204 days ago,

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လေကောင်း လေသန့်ရရှိသည့် Green Park အဖြစ် ပြောင်းလဲသွားရန် အစီအစဉ်ရှိရာ ပြည်သူများ၏ဆန္ဒအပေါ် မူတည်၍ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီယာများကို ဖေဖော်ဝါရီလ ၃ ရက်နေ့ က ပြောသည်။ ...

မြ၀တီစက်သုံးဆီ ဖြန့်ဖြူးရေးဝင်း မီးလောင်မှုကြောင့် လေးဦးသေဆုံး

2 years204 days ago,

လှိုင်မြို့နယ်၊ မြ၀တီစက်သုံးဆီ ဖြန့်ဖြူး ရေးဝင်းအတွင်း မီးလောင်မှုကြောင့် သေဆုံးသူ လေးဦးရှိခဲ့ပြီးဒဏ်ရာရရှိသူ ခြောက်ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။ ...

အမေရိကန်ပညာရေးပြပွဲ ကျင်းပမည်

2 years205 days ago,

၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ ကောလိပ်များပြပွဲအား မွန်းလွဲ ၁ နာရီမှ ၈ နာရီအထိ၊ ရန်ကုန်မြို့ တော်ဝင်စင်တာ ၇ လွှာ၌ ဖေဖော်ဝါရီလ ၁၃ ရက်တွင်ကျင်းပမည်ဖြစ်သည်။ ...

ရန်ကုန်၌ ယာဉ်ရပ်နားနေရာများ တည်ဆောက်ထားပြီး ထပ်မံတိုးချဲ့ရန်လည်း စီစဉ်နေ

2 years212 days ago,

ရန်ကုန်မြို့၌ အခမဲ့ ယာဉ်ရပ်နားရန် နေရာများနှင့် ယာဉ်ရပ်နားစခန်းအချို့ ကို ယခုလအတွင်း ထပ်မံတိုးချဲ့ဆောင် ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား)မှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။ ...

ဗိုလ်တထောင်ဘုရားဆိုင်ခန်းများ လေလံစနစ်ဖျက်သိမ်းရန် ဆိုင်ဖွင့်ထားသူများ ...

2 years212 days ago,

ဗိုလ်တထောင် ဘုရားဝင်းအတွင်း၌ ဘုရားအလှူငွေအဖြစ် နှစ်စဉ် လေလံဆွဲကာ တစ်နှစ်စာ ငွေပေးသွင်းစေပြီး ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခွင့်ပြုလျက်ရှိရာ ယခုနှစ်တွင် ဈေးအနိမ့်ဆုံး ဆိုင်မှာ ကျပ် သိန်း ၆၀ နှင့် အမြင့်ဆုံးဆိုင်အတွက် ကျပ်သိန်း ၁၇၀ ကျော်အထိ ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည့်အတွက် လေလံစနစ်ကို ဖျက်သိမ်းပေးစေလိုကြောင်း ဈေးဆိုင်ခန်းဖွင့်လှစ် နေသူများက ပြောသည်။ ...