"Myanmar Striker" မှ သတင်းများ

အသင်းဟောင်း ဘာစီလိုနာတွင် မမှန်မကန် စီမံအုပ်ချုပ်ခဲ့ကြောင်း စီးတီး အမှုဆောင် အရာရှိချုပ် ဆိုရီယာနို စွပ်စွဲခံရ

1 year163 days ago,

မန်ချက်စတာ စီးတီး အမှုဆောင် အရာရှိချုပ် ဖာရန် ဆိုရီယာနို သည် အသင်းဟောင်း ဘာစီလိုနာကို အုပ်ချုပ်စဉ် က ဝန်ထမ်းများ၏ email များ ကို အခွင့်မရှိဘဲ လျှို့ဝှက် ထောက်လှမ်းခဲ့မှု နှင့် ပတ်သက်၍ ဘာစီလိုနာ အသင်း သို့ ဖြေရှင်းချက် ပေးရန် တောင်းဆို ခံထားရကြောင်း သိရသည်။ ဘာစီလိုနာသည် ဆိုရီယာနိုနှင့် ၎င်း၏ အပေါင်းအပါ ဒါရိုက်တာ ဂျိုအန် အိုလီဗာတို့ အား မမှန်မကန် စီမံ အုပ်ချုပ်ခဲ့ခြင်း၊ လျှို့ဝှက်ချက်များ ဖော်ထုတ်ခဲ့ခြင်း တို့နှင့် စွပ်စွဲ ထားပြီး ၎င်းတို့ အနေဖြင့် အဆိုပါ စွပ်စွဲချက်များ ကို နောက်လကုန်တွင် ဖြေရှင်းရန် ဘာစ...

မန်စီးတီး အသင်းခေါင်းဆောင် ကွန်ပနီကို ကမ်းလှမ်းရန် ဘာစီလိုနာ စီစဉ်နေ

1 year163 days ago,

ဘာစီလိုနာ သည် မန်ချက်စတာ စီးတီး အသင်း ခေါင်းဆောင် ဗင်းဆင့် ကွန်ပနီ ကို ပမာဏ များပြား သည့် ပြောင်းရွှေ့ ကြေး တစ်ရပ်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေ ကြောင်း သိရ သည်။ သို့ရာတွင် ကွန်ပနီ အနေဖြင့် မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နှင့် အမှတ်ကွာဟမှု လျှော့ချနိုင်ရန် အတွက်သာ စဉ်းစားသင့်ကြောင်း အသင်း မန်နေဂျာ ရော် ဘတ်တို မန်စီနီက ပြောကြား လိုက်သည်။ အသက် ၂၆ နှစ် အရွယ်ရှိ ကွန်ပနီသည် ပြီးခဲ့သည့်နှစ်က မန်ချက်စတာ စီးတီးနှင့် ခြောက်နှစ် စာချုပ် ချုပ်ဆို ထား သော်လည်း ၎င်းအချက်မှာ ဘာစီလိုနာ၏ ကြိုးပမ်းမှုကို ဟန့်တားနို...

ကျွန်တော် ဘယ်တော့မှ အရှုံးမပေးပါဘူး # အဘီဒယ်

1 year163 days ago,

ကာလကြာရှည် အနားယူခဲ့ရ ပြီးနောက် စနေနေ့ က မာရော့ကာ ကို ငါးဂိုးပြတ်နှင့် အနိုင်ရခဲ့သည့် ပွဲတွင် ပြန်လည် ပါဝင်လာခဲ့သည့် ဘာစီလိုနာ နောက်ခံ ကစားသမား အဲရစ် အဘီဒယ် က မိမိ၏ ဘောလုံး ကစားသမား ဘဝကို ဘယ်တော့မှ အရှုံးပေးမည် မဟုတ်ကြောင်း အခိုင်အမာ ပြောကြား လိုက်သည်။ အသက် ၃၃ နှစ် အရွယ်ရှိပြီ ဖြစ်သည့် အဘီဒယ်သည် လွန်ခဲ့သည့် တစ်နှစ် နီးပါးခန့် က အသည်း အစားထိုး ကုသမှုကြောင့် ဘောလုံး ကစားခြင်းမှ အနားယူခဲ့ရ သူ ဖြစ်သည်။ ၎င်းသည် အဆိုပါ အသည်း အကျိတ် ကို ခွဲစိတ် ကုသခဲ့ပြီးနောက် နှစ်နှစ်ကြာ ခံစားနေရသည့် [...]...

ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် ကြံ့ခိုင်မှု ရှိဖို့ လိုပါတယ် # အော်စကာ

1 year164 days ago,

ချဲလ်ဆီး ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ အော်စကာ က ဘာကလေ ပရီးမီးယားလိဂ်တွင် အဆင့်တစ်ခု၌ ရပ်တည်နိုင်ရန်အတွက် ကြံ့ခိုင်မှုရှိရန် လိုအပ်ကြောင်း ဝန်ခံ ပြောကြား လိုက်သည်။ အဆိုပါ အသက် ၂၁ နှစ်အရွယ် ကစားသမားသည် ပြီးခဲ့သည့် နွေရာသီ က ပေါင် ၂၅ သန်းနှင့် ပြောင်းရွှေ့ လာသူ ဖြစ်ပြီး ၎င်း၏ ပွဲဦးထွက် ရာသီမှာ ပင် ခြေစွမ်း ပြသခဲ့ သူ ဖြစ်သည်။ ၎င်းသည် အီဒင် ဟာဇက်၊ ဂျူအန် မာတာ တို့နှင့် တွဲဖက်ကာ တိုက်စစ်ခြေစွမ်း ပြသနိုင်ခဲ့သည်။ သို့ရာတွင် အော်စကာသည် ယခုနှစ် ဘောလုံးရာသီတွင် ၉ ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။ ၎င်းသွင်းဂိုးများအန...

ဘာစီလိုနာမှ ထွက်ခွာမည် ဖြစ်ကြောင်း ဗဲလ်ဒက်စ် အတည်ပြု

1 year164 days ago,

ဘာစီလိုနာ ဂိုးသမား ဗစ်တာ ဗဲလ်ဒက်စ်သည် လာမည့် နွေရာသီတွင် အသင်းမှ ထွက်ခွာမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။ အဆိုပါ ဂိုးသမားသည် အသင်း၏ ဖိအား ဒဏ်များကြောင့် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ထို့အတွက် ဗဲလ်ဒက်စ်၏ ကာတာလန် အသင်းတွင် ၁၁ နှစ်အကြာ ကစားခဲ့မှုသည် မကြာမီ အဆုံးသတ်တော့မည် ဖြစ်သည်။ အသက် ၃၁ နှစ်အရွယ် ဂိုးသမားသည် ဘာစီလိုနာတွင် ၂၀၀၂ ခုနှစ် ကတည်းက ဝင်ရောက် ကစားခဲ့ခြင်း ဖြစ် သည်။ ဗဲလ်ဒက်စ်က “ကျွန်တော့် အနေနဲ့ တစ်ခြား အသင်းဂျာစီ ဝတ်ဆင်ဖို့ အတွက် အလွန် ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘ...

အသင်းမှာ ကားဆီးလက် ပြန်ပါလာပေမယ့် ပွဲထွက်ခွင့် မရနိုင်သေးပါဘူး # ကာရန်ကာ (ရီးယဲလ်လက်ထောက်နည်းပြ)

1 year164 days ago,

အသင်း လူစာရင်းတွင် ပြန်လည် ပါဝင်ခွင့် ရလာပြီ ဖြစ်သည့်တိုင် အသင်းခေါင်းဆောင် ဂိုးသမား အီကာ ကားဆီးလက် အနေဖြင့် ပွဲထွက် ကစားခွင့် မရနိုင်သေးကြောင်း ရီးယဲလ်မက်ဒရစ် လက်ထောက်နည်းပြ အေတာ ကာရန်ကာ က ပြောကြားလိုက်သည်။ လက်ချောင်းဒဏ်ရာ မှ သက်သာ ပျောက်ကင်း လာသည့်နောက် စပိန်လက်ရွေးစင် အသင်း၏ အသင်းေ ခါင်းဆောင်လည်း ဖြစ်သော ကားဆီးလက်သည် ရီးယဲလ် ပွဲထွက် ဂိုးသမား နေရာကို ပြန်လည် စိန်ခေါ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ လတ်တလော တွင် ရီးယဲလ်ဂိုးပေါက်၌ ဒီယေဂိုလိုပက်ဇ် အထူးတလည် လက် စွမ်းပြနေဆဲ ဖြစ်ပြီး လီဗန်တေး နှင့် ကစားမည့် စပ...

မန်ယူနှင့် ၁၅ မှတ် ကွာဟနေခြင်းမှာ ထိုက်တန်မှု မရှိဟု ထင်မြင်ကြောင်း မန်ချီနီ ပြောကြား

1 year165 days ago,

မန်ချက်စတာ စီးတီး မန်နေဂျာ ရော်ဘတ်တို မန်ချီနီ က လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုမှာ မှန်ကန်မှု မရှိကြောင်း တနင်္လာနေ့ည တွင် ကစားမည့် ဒါဘီ ပွဲစဉ်၌ အနိုင် ကစားခြင်းဖြင့် သက်သေပြ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ စီးတီးသည် ပရီးမီးယားလိဂ် အမှတ်ပေးဇယား တွင် ခါးသီးလှသည့် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်၏ နောက် ၁၅ မှတ် အကွာဖြင့် ရပ်တည်နေလျက် ရှိသည်။ သို့ရာတွင် ပရီးမီးယားလိဂ် ဖလားကို နှစ်ကြိမ်ဆက် ရရှိမည့် အခွင့်အရေးအား လက်လွှတ်ရဖွယ်ရှိသည့် မန်ချီနီ က လက်ရှိတွင် အမှတ်ကွာဟချက် များပြားလျက် ရှိသော်လည်း အသင်းနှစ...

မတ်လအတွက် အကောင်းဆုံးဆုများကို ဗာတိုဂျန်နှင့် မိုရက်စ် ရရှိခဲ့

1 year165 days ago,

ဘာကလေ ပရီးမီးယားလိဂ် ၏ မတ်လအတွက် အကောင်းဆုံး ကစားသမားဆုကို တော့တင်ဟမ် နောက်ခံလူ ဂျန် ဗာတိုဂျန် က ရရှိခဲ့ပြီး အကောင်းဆုံး မန်နေဂျာဆုကို အဲဗာတန် မန်နေဂျာ ဒေးဗစ် မိုရက်စ် က ရရှိခဲ့ကြောင်း သိရသည်။ ဗာတိုဂျန် သည် တော့တင်ဟမ် အတွက် ၄ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူ နိုင်ခဲ့သောကြောင့် တစ်လတာ အကောင်းဆုံး ကစားသမား အဖြစ် ပထမ ဦးဆုံး ရွေးချယ် ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ဘယ်ဂျီယံ ကစားသမားသည် လီဗာပူးနှင့် ပွဲတွင် ၂ ဂိုး၊ ဆွမ်ဆီးနှင့် ပွဲတွင် ၁ ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဗာတိုဂျန် [...]...

အယ်လာဘာ ဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံ ကစားသမားတွေ ထဲက တစ်ဦးပါ # ဆမ်းမား

1 year166 days ago,

ဘိုင်ယန် မြူးနစ် အားကစား ဒါရိုက်တာ မားသီးယပ်စ် ဆမ်းမားက ဒေးဗစ် အယ်လာဘာမှာ ကမ္ဘာ့ အကောင်းဆုံး ဘယ်နောက်ခံ ကစားသမားများ အနက်မှ တစ်ဦး ဖြစ်ကြောင်း ပြောကြား လိုက်သည်။ အဆိုပါ သြစတြီးယား ကစားသမား သည် ၂၀၁၂-၁၃ ဘောလုံးရာသီ တစ်လျှောက်လုံးတွင် အံ့အားသင့်ဖွယ် ကောင်းသော ခြေစွမ်းကို ပြသခဲ့ပြီး မကြာမီက ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် လည်း ခြေစွမ်းပြသ ခဲ့သည်။ ထို့နောက် ဆမ်းမားက ဒေးဗစ် အယ်လာဘာမှာ ဘိုင်ယန်မြူးနစ်၏ အရေးပါသည့် ကစားသမား ဖြစ်ကြောင်း ချီးကျူးခဲ့သည်။ “ဒေးဗစ်ဟာ အသင်းအတွက် အလွန်ကို အေ...

ရီးယဲလ်နှင့် အငှားစာချုပ် ကုန်ဆုံးပြီးနောက် ချဲလ်ဆီးတွင် ပြန်ကစားရန် အက်ဆီယန် မျှော်လင့်နေ

1 year166 days ago,

လာမည့် နွေရာသီတွင် ရီးယဲလ် မက်ဒရစ်၌ အငှားစာချုပ် သက်တမ်း ကုန်ဆုံးမည့် မိုက်ကယ် အက်ဆီယန် သည် လာမည့်နှစ် ဘောလုံး ရာသီတွင် ချဲလ်ဆီး အသင်း၌ ပြန်လည်ပါဝင် ကစားနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ ခံစစ်ပိုင်းတွင်ပါ ကစားနိုင်သော အဆိုပါ ကွင်းလယ်အဖျက် ကစားသမားသည် ဒဏ်ရာ ပြဿနာများနှင့် ရုန်းကန်ခဲ့ ရပြီးနောက် ပြီးခဲ့သည့် သြဂုတ်လ က ဟိုဆေးမော်ရင်ဟို၏ ရီးယဲလ်မက်ဒရစ် အသင်းထံသို့ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ အက်ဆီယန်သည် ရီးယဲလ်မက်ဒရစ်နှင့် ပြိုင်ပွဲ အရပ်ရပ်တွင် ပွဲ ၃၀ နီးပါး ကစားခဲ့ပြီး ၎င်း၏ နေရာစံ...

အိမ်ကွင်းတွင် စပါး သရေ ကျကာ၊ နယူးကာဆယ် အဝေးကွင်းတွင် ရှုံးနိမ့်

1 year166 days ago,

စပါး ၂ – ၂ ဘေဆယ် အင်တာမီလန်အသင်းအား အနိုင်ယူကျော်ဖြတ်ခဲ့သည့် တော့တင်ဟမ်သည် ဘေဆယ်အသင်းအား ဝှိုက်ဟတ်လိန်းတွင် ဧည့်ခံခဲ့ရသည်။ စပါးအသင်းသည် ၄-၃-၃- ကို အခြေခံ၍ ဘေးလ်၊ လန်နွန်၊ ဒမ်ဘီလီ၊ အဒီဘေယောနှင့် ဟော့ဘီတို့ကို အားပြုကစားခဲ့သည်။ ခံစစ်တွင် လောရစ်နှင့် ဒေါ်ဆန်မှလွဲ၍ အင်အားအပြည့် ပွဲထွက်ခဲ့သည်။ ဧည့်သည် ဘေဆယ် အသင်း၏ ပွဲချိန် မိနစ် ၃၀ စတော့ကာ၏ သွင်းဂိုးနှင့် ပွဲချိန် ၃၅မိနစ် ဖရိုင်၏  ဦးဆောင်ဂိုး ၂ဂိုး အား စပါး အသင်း နောက်မှ လိုက် ကစားကာ ပွဲချိန် မိနစ် ၄၀တွင် အဒီဘေယော၊ ပွဲချိန် ၅၈မိနစ်တွင် စီဂတ်ဆန် တ...

နော်ဝစ်ခ်ျနှင့် ပွဲတွင် ဝီလ်ရှားနှင့် ဝဲလ်ကော့ ပြန်လည် ပါဝင်နိုင်ဖွယ်ရှိ

1 year166 days ago,

နော်ဝစ်ခ်ျနှင့် ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်၌ ဂျက်ခ် ဝီလ်ရှား နှင့် သီအို ဝဲလ်ကော့ တို့ ပြန်လည် ပါဝင်ဖွယ် ရှိကြောင်း သိရသည်။ ဒဏ်ရာကြောင့် ၁၇ လ အကြာ အနားယူခဲ့ရသည့် ဝီလ်ရှားသည် ပြီးခဲ့သည့် အောက်တိုဘာလ က အသင်းတွင် ပြန်လည် ပါဝင် ကစားခဲ့ပြီး မတ်လက တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ခြေချင်းဝတ် ဒဏ်ရာ ထပ်မံ ရရှိခဲ့သည်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် အင်္ဂလန်အသင်း၌ ပါဝင်ကစား ခဲ့သည့် ဝဲလ်ကော့ မှာလည်း ပေါင်ခြံ ဒဏ်ရာကြောင့် အနားယူ နေရသူ ဖြစ်သည်။ အဆိုပါ ကစားသမား နှစ်ဦးသည် ဝက်စ်ဘရွန်းနှင့် ပွဲတွင် ပါဝင်န...

တောရက်စ်၏ ဂိုးများဖြင့် ချဲလ်ဆီး အနိုင်ရခဲ့ # ချဲလ်ဆီး ၃-၁ ရူဘင်ကာဇင်

1 year166 days ago,

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွင် ချဲလ်ဆီးအသင်းသည် ရူဘင်ကာဇင်အား အိမ်ကွင်းတွင် ဧည့်ခံ ကစားခဲ့ရသည်။ ယနေ့ပွဲ၌ အိမ်ရှင်အသင်း၌ တိုက်စစ်မှုး တောရက်စ်ကို အသုံးပြုခဲ့ကာ ရာမီးရက်စ်၊ လမ်းပက်၊ မော့ဆက်စ်၊ ဘီနာယောင် တို့အား ကွင်းလယ်တွင် ပွဲထွက်စေခဲ့သည်။ အက်ရှလေကိုးလ်နှင့် အိုင်ဗန်နိုဗစ်တို့ မပါဝင်ခဲ့သည်က လွဲ၍ ခံစစ်တွင် လူစုံခဲ့သည်။ ချဲလ်ဆီးသည် ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲကို တက်ရောက်ရန် အခွင့်အရေးကောင်း တစ်ခု ဖန်တီးနိုင်ခဲ့ပြီး တောရက်စ်၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ ၃-၁ ဖြင့် အနိုင်ရရှိခဲ့သည်။ အိမ်...

မန်ယူကို တီဗက်ဇ် ဒုက္ခပေးနိုင်မယ်လို့ ယုံကြည်ပါတယ် # ဇာဘလက်တာ

1 year166 days ago,

မန်ချက်စတာ ယူနိုက်တက် အသင်းကို အကျဉ်းအကျပ် တွေ့သွားအောင် ကားလို့စ်တီဗက်ဇ် ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း အသင်းဖော် ပက်ဘလို ဇာဘလက်တာက ပြောကြားလိုက်သည်။ အာဂျင်တီးနား လက်ရွေးစင် တီဗက်ဇ်သည် လာမည့် တနင်္လာနေ့တွင် ရင်ဆိုင် ကစားရမည့် အသင်းဟောင်းနှင့် ပွဲစဉ်အတွက် ခြေစွမ်း ပြမည်ဟု ၎င်း၏ ကလပ်နှင့် လက်ရွေးစင် အသင်းဖော် ဇာဘလက်တာ က ယုံကြည်နေသည်။ သို့သော်လည်း တိုက်စစ်မှူး တီဗက်ဇ်သည် မက္ကာဖီး တရားရုံးတွင် ယာဉ်စည်းကမ်း ဆိုင်ရာ စွဲချက်တစ်ခု အတွက် ဖြေရှင်းရ ဦးမည် ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်လက ယာဉ်စည်းကမ်း ဖောက်ဖျက်...

မန်ချီနီ၏ ပြစ်တင် ပြောဆိုမှုကို ခံရပြီးနောက် ကွမ်ပနီကို ဥရောပ ထိပ်တန်းကလပ်များ စောင့်ကြည့်နေ

1 year166 days ago,

မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်ချီနီ၏ တိုက်ရိုက် ဝေဖန် ပြစ်တင်မှုများ ကို ခံခဲ့ရသည့်နောက် ဗင်းဆင့် ကွမ်ပနီ၏ အနေအထား ကို ဥရောပ ထိပ်တန်း ကလပ်အသင်း အများအပြား က စိတ်ဝင်စား လာခဲ့သည်။ အသက် (၂၆)နှစ်ရှိ မန်စီးတီး အသင်းခေါင်းဆောင် ဗဟိုနောက်ခံ ကစားသမား ကို ဘာစီလိုနာ၊ ဘေယန်မြူးနစ် နှင့် ရီးယဲလ်မက်ဒရစ် အသင်းများက အပြိုင်အဆိုင် လေ့လာမှုများ ပြုလုပ်နေကြောင်း သတင်းများ က ဆိုသည်။ ကွမ်ပနီသည် ဒဏ်ရာမှ သက်သာ ကာစတွင် မန်စီးတီးအတွက် မကစား ပေးနိုင်သေးချိန်၌ ဘယ်ဂျီယမ် လက်ရွေးစင် အသင်းသို့ ပြန်လည် သွားရောက် ပူးေ...

တော့တင်ဟမ် တိုက်စစ်မှူး ဂျာမိန်းဒီဖိုး ဒဏ်ရာကြောင့် သုံးပွဲ နားရမည်

1 year166 days ago,

တော့တင်ဟမ် တိုက်စစ်မှူး ဂျာမိန်း ဒီဖိုးသည် ကြွက်သား ဒဏ်ရာ ပိုမိုဆိုးရွား လာသည့် အတွက် နောက်ထပ် သုံးပွဲ နားရမည် ဖြစ်ကြောင်း သိရသည်။ ထို့အတွက် အသက် ၃၀ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူးသည် ဝှိုက်ဟတ်လိန်းတွင် ဘေဆယ်နှင့် ကစားရမည့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်ကို ကျိန်းသေ လွဲချော်တော့မည် ဖြစ်သည်။စပါး မန်နေဂျာ အင်ဒရီ ဗီလာ့စ် ဘိုအာ့စ်က ဒီဖိုးအနေဖြင့် ဆွစ်ဇာလန်တွင် ကစားမည့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အထိ လွဲချော်ဖွယ်ရှိကြောင်း၊ ဧပြီ ၂၁ ရက်တွင် ကစားမည့် မန်ချက်စတာ စီးတီးနှင့် ပွဲမှသာ ပြန...

ဒါဘီပွဲအတွက် ကစားသမား ရွေးချယ်ရန် အခက် ကြုံနေရသည့် ဖာဂူဆန်

1 year166 days ago,

တနင်္လာနေ့တွင် ကစားမည့် မန်ချက်စတာ ဒါဘီပွဲစဉ်တွင် ကစားသမားတိုင်း ပါဝင်ကစား လိုလျက်ရှိသော်လည်း မန်ချက်စတာ ယူနိုက်တက် လူစာရင်းကို ဂရုတစိုက် ရွေးချယ် သွားမည် ဖြစ်ကြောင်း ဆာ အဲလက်စ် ဖာဂူဆန် က ပြောကြား ခဲ့သည်။ မန်ချက်စတာစီးတီးသည် အမှတ်ပေး ဇယားထိပ်ဆုံးမှ ၁၅ မှတ်ဖြတ်ကာ ဦးဆောင်နေသည့် မန်ချက်စတာ ယူနိုက်တက်ကို အိုးထရတ်ဖို့ဒ် တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ သို့ရာတွင် ဖာဂူဆန်သည် စီးတီးနှင့် ကစားမည့် လူစာရင်းကို ရွေးချယ်ရ ခက်နေကြောင်း၊ အနားပေးရမည့် ကစားသမား များကို ဂရုတစ်စိုက် ရွေးချယ် ဆုံးဖြတ် သွားမည် ဖြစ...

မန်ချက်စတာ ဒါဘီ ပွဲစဉ် ဒိုင်လူကြီးအဖြစ် မိုက်ဒင်း တာဝန်ယူမည်

1 year166 days ago,

လာမည့် တနင်္လာနေ့တွင် ယှဉ်ပြိုင်ကစားမည့် မန်ချက်စတာ ဒါဘီပွဲစဉ်ကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ချမှတ်ဖူးသည့် မိုက်ဒင်းကို ဒိုင်လူကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်စေမည်ဟု သိရသည်။ ဖာဂူဆန်သည် မန်ချက်စတာယူနိုက်တက်က နယူးကာဆယ်ကို အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မိုက်ဒင်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝေဖန်ခဲ့ဖူးသည်။ ထို့အပြင် မိုက်ဒင်းသည် ဇန်နဝါရီလ ၁၃ ရက်က မန်ချက်စတာ စီးတီးက အာဆင်နယ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီကို ထုတ်ပယ်ခဲ့သည့်အတွက် ရော်ဘတ်တို မန်စီနီမှာ ဒေါသ...

မန်ချက်စတာ ဒါဘီ ပွဲစဉ် ဒိုင်လူကြီးအဖြစ် မိုက်ဒင်း တာဝန်ယူမည်

1 year166 days ago,

လာမည့် တနင်္လာနေ့တွင် ယှဉ်ပြိုင်ကစားမည့် မန်ချက်စတာ ဒါဘီပွဲစဉ်ကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ချမှတ်ဖူးသည့် မိုက်ဒင်းကို ဒိုင်လူကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်စေမည်ဟု သိရသည်။ ဖာဂူဆန်သည် မန်ချက်စတာယူနိုက်တက်က နယူးကာဆယ်ကို အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မိုက်ဒင်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝေဖန်ခဲ့ဖူးသည်။ ထို့အပြင် မိုက်ဒင်းသည် ဇန်နဝါရီလ ၁၃ ရက်က မန်ချက်စတာ စီးတီးက အာဆင်နယ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီကို ထုတ်ပယ်ခဲ့သည့်အတွက် ရော်ဘတ်တို မန်စီနီမှာ ဒေါသ...

အမှတ်ပေး ဇယား ထိပ်ဆုံး (၄)သင်းမှာ ပါဝင် ဖို့ထက် ဖလားရ ဖို့ကို ပိုအလေး ထားပါတယ် # ဒမ်ဘာဘား

1 year166 days ago,

ပရီးမီးယားလိဂ် ထိပ်ဆုံး (၄)သင်းတွင် ပါဝင်ရေးသည် အမှန်တကယ် အရေးကြီးသော်လည်း ချယ်လ်ဆီး အတွက် ဆုဖလားများ ပိုင်ဆိုင်ရေး ကို မိမိပိုမို အလေး ထားကြောင်း တိုက်စစ်မှူး ဒမ်ဘာဘား က ပြောကြား လိုက်သည်။ အသင်း မန်နေဂျာ ရာဖေး ဘင်နီတက်ဇ်က ရာသီကုန်တွင် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှတ်ပေး ဇယား ထိပ်ဆုံး (၄)နေရာ ပါဝင်ခွင့်ကို အဓိက ဦးတည် ကြိုးစား သွားမည်ဟု ပြောဆို ထားသော်လည်း အသက်(၂၇)နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ကမူ ဆုဖလားများ လက်တွေ့ ပိုင်ဆိုင်ရေး ကို ပိုမို ဦးတည် သင့်ကြောင်း သုံးသပ် ခဲ့သည်။ လက်ရှိတွင် ချယ်လ်ဆီး ...